မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူး Senior Captain Rak Rakbamrung အား၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှု ဌာနချုပ်၌ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် တက်လွင်ထွန်းမှ လက်ခံတွေ့ ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် တက်လွင်ထွန်းက ထိုင်းရေတပ်စစ်သံမှူး Senior Captain Rak Rakbamrung နှင့် အဖွဲ့အား ကြိုဆိုနှုတ်ဆက်ခဲ့ပြီး နှစ်နိုင်ငံရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ပင်လယ် ရေကြောင်းဥပဒေစိုးမိုးရေး၊ ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ အဏ္ဏဝါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနှင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက် ရေး၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ထိုင်းနိုင်ငံအနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့၏ လုပ်ငန်းတာဝန်များကို Thai-MECC မှ ဆောင်ရွက်လျက်ရှိပြီး Thai-MECC ကို Royal Thai Navy ၊ Marine Department ၊ Department of Fisheries ၊ Customs Department ၊ Department of Marine and Coastal Resources ၊ Marine Police Division စသည့် အဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ Thai-MECC ၏ အထွေထွေအတွင်းရေးမှူးတာဝန်ကို ထိုင်းရေတပ်ဦးစီးချုပ်မှ ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့နှင့် ပင်လယ်ပြင်တရားဉပဒေစိုးမိုးရေး လုပ်ငန်းများအပါအဝင် ဒေသတွင်း ရေကြောင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင် ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားနိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။




