ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

Myanmar Coast Guard

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၌ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ ပါသည်။

အဆိုပါ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများတွင် ကမ်းခြေစောင့်တပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည် များနှင့် မိသားစုဝင်များမှ  ပါဝင်ဆင်နွှဲခဲ့ပြီး ဆုရရှိသူများအား ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် နှင့် အရာရှိကြီးများ၊ အရာရှိများမှ ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။