မျှော်မှန်းချက်နှင့်ရည်မှန်းချက်

မျှော်မှန်းချက်

နိုင်ငံတော်၏ပင်လယ်ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွားများ၊ အဏ္ဏဝါပတ်ဝန်းကျင်လုံခြုံရေး၊ ပင်လယ်ရေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပင်လယ်ရေကြောင်းတရားဥပဒေစိုးမိုးရေးတို့အတွက် ပင်မကမ်းရိုးတန်းမှ  သီးသန့်စီးပွားရေးဇုန်အထိ ရေပြင်နှင့်ဝေဟင်နှစ်ရပ်လုံးမှ ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသည့် ကမ်းခြေစောင့်တပ်ဖွဲ့ ဖြစ်လာစေရန်။

ရည်မှန်းချက်

  • မြန်မာ့ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ပိုင်နက်ပင်လယ်ဇုန်များ၏ အချုပ်အခြာအာဏာ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စီရင်ပိုင်ခွင့်အာဏာတို့ကို ထိန်းသိမ်းကာကွယ် စောင့်‌ရှောက်ရမည်။
  • ပင်လယ်ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွားများ၊ ပင်လယ်ပြာစီးပွားရေးလုပ်ငန်းများနှင့် အဏ္ဏဝါ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရမည်။
  • မြန်မာ့ပိုင်နက်ပင်လယ်ဇုန်များနှင့် အတွင်းပိုင်းရေပြင်အတွင်း ရေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကဏ္ဍများ ဆောင်ရွက်ရမည်။
  • နိုင်ငံတကာအဖွဲ့အစည်းများ၊ အိမ်းနီးချင်းနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့များ၊ ပြည်တွင်း ပြည်ပ ပင်လယ်ရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများကို မြှင့်တင်ရမည်။
  • နိုင်ငံတော်၏ အရေးပေါ်အခြေအနေကာလတွင် တပ်မတော်(ရေ)အား အထောက်အကူပြု နိုင်ရမည်။