ရေနေမျိုးစိတ်များအတွက် ပလပ်စတစ်အမှိုက်များ ရှင်းလင်းခြင်း

Myanmar Coast Guard

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့၌ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်ရုံး အခြေစိုက်ရာ ရန်ကုန်မြစ်ကြောင်းတစ်လျှောက်တွင် အဏ္ဏဝါသဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်းနှင့် စပ်လျဉ်း၍ ရန်ကုန်မြစ်ကြောင်းအတွင်း ရေနေဇီဝမျိုးစိတ်များ ရှင်သန်နေထိုင်ပေါက်ဖွားမှုကို ထိခိုက်ပျက်စီးစေနိုင်သည့် ညစ်ညမ်းမှုနှင့် ကမ်းခြေရှင်းလင်းခြင်း တို့အား ကမ်းခြေစောင့်တပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။

ထိုကဲ့သို့ ကမ်းခြေတစ်လျှောက် ညစ်ညမ်းမှုနှင့် ပလပ်စတစ်အမှိုက်များ ဖယ်ရှားရှင်းလင်း ပေးခြင်းသည် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်သည့် ကမ်းခြေစောင့် တပ်ဖွဲ့၏ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရည်မှန်းချက်တာဝန်တစ်ရပ်ပင် ဖြစ်ပါသည်။