ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်တွင်မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်စစ်သံမှုး ဗိုလ်မှူးချုပ် Abdullah Tafhimul Islam အား ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်မှ လက်ခံတွေ့ဆုံ

Myanmar Coast Guard

၂၀၂၅ ခုနှစ်၊စက်တင်ဘာလ ၉ ရက်

မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်စစ်သံမှုး ဗိုလ်မှူးချုပ် Abdullah Tafhimul Islam အား ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၌ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူး ချုပ်မှ   လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် တက်လွင်ထွန်း နှင့် မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်စစ်သံမှုး ဗိုလ်မှူးချုပ် Abdullah Tafhimul Islam သည် နှစ်နိုင်ငံ ရေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများ၊ တပ်ဖွဲ့စွမ်းဆောင်ရည်မြှင့်တင်ရေးကိစ္စရပ်များနှင့် ပင်လယ်ရေကြောင်း ဆိုင်ရာ တာဝန် ထမ်းဆောင်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်စစ်သံမှူးနှင့် မြန်မာကမ်းခြေစောင့်တပ်ဖွဲ့မှ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် အပါအဝင် အရာရှိကြီး ၄ ဦး တို့ တက်ရောက်ခဲ့ကြပါသည်။