Commandant

ဗိုလ်ချုပ် တက်လွင်ထွန်း

ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်

ဗိုလ်ချုပ်တက်လွင်ထွန်းသည် လက်ရှိကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းသို့ တက်ရောက်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ပြန်တမ်းဝင်အရာရှိဖြစ်လာခဲ့ပြီး တပ်မတော်(ရေ)တွင် စီမံခန့်ခွဲရေးအရာရှိငယ်အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၂ခုနှစ်တွင်  စစ်ဦးစီး တက္ကသိုလ်(Command and General Staff Course)၊ ၂၀၁၃ခုနှစ်တွင် တန်းမြင့် စစ်ရေယာဉ်မှူးသင်တန်း(Naval Higher Command Course)၊ ၂၀၁၈ခုနှစ်တွင် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်(National Defense College)နှင့် ၂၀၂၂ ခုနှစ်တွင် ဥပဒေ ဒီပလိုမာ(Diploma in Law) တက်ရောက် အောင်မြင်ခဲ့ပါသည်။ တပ်မတော်(ရေ)၌ တာဝန် ထမ်းဆောင်စဉ်အတွင်း ReCAAP Governor အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည့် အပြင် ADSOM၊ ASEAN Navy Chiefs’ Meetings ၊ the Indian Ocean Naval Symposium၊ HADR၊ BIMSTEC စသည့် နိုင်ငံတကာ ရေကြောင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

တပ်မတော်(ရေ)တွင် အမြန်သွားစစ်ရေယာဉ်များ၊ ကော်ဗတ် စစ်ရေယာဉ်များ၊ ဖရီဂိတ် စစ်ရေယာဉ်များတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ဗျူဟာရေယာဉ်စု ရေယာဉ်စုမှူး၊ ရေတပ်လေ့ကျင့်ရေးကျောင်းတွင်ဌာနချုပ်မှူး၊ ရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး တာဝန်များ ကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထမ်းဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ တွင် တပ်မတော်(ရေ)မှ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခဲ့ပါသည်။

ဗိုလ်ချုပ် တက်လွင်ထွန်းသည် မြန်မာတပ်မတော်(ရေ)တွင် နှစ်ပေါင်းများစွာ တာဝန် ထမ်းဆောင်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ၏ကမ်းခြေစောင့်တပ်ဖွဲ့၏ လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကတာဝန်ယူဦးဆောင်လျက်ရှိသည်။