ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူး Captain Manoj Kumar Pandey  အား ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်မှ လက်ခံတွေ့ဆုံ

Myanmar Coast Guard

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူး Captain Manoj Kumar Pandey အား၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်၌ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် တက်လွင်ထွန်းမှ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ကမ်းခြေစောင့်တပ်ဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှုများကို တိုးတက်လုပ် ဆောင်နိုင်ရေး ၊ ကမ်းခြေစောင့်တပ်ဖွဲ့၏  လုပ်ငန်းတာဝန်များကို ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင် နိုင်ရန် တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် လေ့ကျင့်မှုများ ဆောင်ရွက် နိုင်ရေး၊ ရေကြောင်းသက်ဆိုင်မှုနယ်ပယ်နှင့် စပ်လျဉ်း၍  ရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ ကမ်းခြေစောင့်တပ်ဖွဲ့များအကြား သတင်း အချက်အလက် မျှဝေခြင်းပိုင်းဆိုင်ရာ အပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ပင်လယ် ရေကြောင်းဆိုင်ရာတရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးတိုနှင့် ပတ်သက် ၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။