ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူးကြီး Senior Colonel Qu Zhe အား ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်မှ လက်ခံတွေ့ဆုံ

Myanmar Coast Guard

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူးကြီး Senior Colonel Qu Zhe အား၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်၌ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် တက်လွင်ထွန်းမှ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရေကြောင်းလုံခြုံရေးဆိုင်ရာနှင့် ရေကြောင်းဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များ၊ ကမ်းခြေစောင့်တပ်ဖွဲ့များ၏ လုပ်ငန်းတာဝန်များနှင့် ရေကြောင်းဆိုင်ရာ ကိစ္စများရပ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊  ကမ်းခြေစောင့်တပ်ဖွဲ့ဝင် များ၏ စွမ်းဆောင်ရည် မြှင့်တင်မှုနှင့် လေ့ကျင့်မှုဆိုင်ရာ  ပံ့ပိုးကူညီမှုကိစ္စရပ်များ၊  ပင်လယ် ရေကြောင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။