၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်
ရန်ကုန်တိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်း ကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၅-၇-၂၅ ရက်နေ့ (သောကြာနေ့) ၀၈၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပ ပြုလုပ်ရာ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ ကိုယ်စားလှယ်အရာရှိကြီးတစ်ဦး တက်ရောက်ခဲ့ပါသည်။



