၂၈-၈-၂၀၂၅
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်မှ ၂၈ ရက်အထိ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာနယ်နိမိတ် အကြောင်းသိကောင်းစရာအလုပ်ရုံဆွေးနွေးပွဲသို့ ကမ်းခြေစောင့်တပ်ဖွဲ့ကြီးကြပ်ရေးမှူးချုပ် တက်ရောက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် အတူ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နယ်နိမိတ်ရေးရာ ကိစ္စရပ်များအား တာဝန်ယူဆောင်ရွက်နေကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့အပါအဝင် အခြားဆက်စပ်ဌာနများမှ ကိုယ်စား လှယ်များနှင့် အိမ်နီးချင်းနိုင်ငံများ၌ အခြေစိုက်သည့် မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ တာဝန်ရှိသူများ စုစုပေါင်း ဦးရေ (၁၀၀) ခန့် ပါဝင်တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ အကြား လက်တွေ့ ဆောင်ရွက်နေသည့် နယ်နိမိတ်ဆိုင်ရာ လုပ်ငန်းဆောင်တာများကို မျှဝေ ဆွေးနွေး၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စိန်ခေါ်မှုများနှင့် အခက်အခဲများအပေါ် သဘောထားအမြင်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။
သတင်းစဉ်

