ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် တရားမဝင်တင်သွင်းတင်ပို့မှုများ မရှိစေရေးအတွက် လမ်းညွှန်မှာကြားခြင်း အခမ်းအနားသို့ ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်မှ ကိုယ်စားလှယ် အရာရှိကြီးတစ်ဦး တက်ရောက်

Myanmar Coast Guard

၂၁-၈-၂၀၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကောက် ခွန်ဦးစီးဌာန က ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်တွင် ကျင်းပပြုလုပ်သည့် ရန်ကုန် အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းများတွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် တရားမဝင်တင်သွင်း တင်ပို့မှုများ မရှိစေရေးအတွက် လမ်းညွှန်မှာကြားခြင်း အခမ်းအနားသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ဦးဆောင်သော အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ကမ်းခြေစောင့် တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်မှ ကိုယ်စားလှယ်အရာရှိကြီး ၁ ဦး၊ သက်ဆိုင်ရာ အစိုးရဌာန အရာရှိကြီး များနှင့်ဆိပ်ကမ်းလုပ်ငန်းရှင် ၃၇ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် သီလဝါရှိ ဆိပ်ကမ်း စုစုပေါင်း (၁၉) ခု၏ လုပ်ငန်းလည်ပတ်မှု၊ နိုင်ငံခြား ကုန်သွယ်ရေယာဉ်များမှ ကုန်ပစ္စည်း အတင်/အချ လုပ်ငန်းလုပ်ဆောင်နေမှု နှင့် ဆီအတင်/အချနှင့် ဖြန့်ဖြူးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများက အသီးသီး တင်ပြဆွေးနွေးခဲ့ကြပါ သည်။

သတင်းစဉ်