Rear Admiral Ko Ko Kyaw

ဗိုလ်ချုပ် ကိုကိုကျော်

 ကမ်းခြေစောင့်တပ်ဖွဲ့၏ ပထမဦးဆုံး ညွှန်ကြားရေးမှူးချုပ်

ဗိုလ်ချုပ် ကိုကိုကျော်သည် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၏ ပထမဦးဆုံးသော ညွှန်ကြား ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း တက်ရောက် အောင်မြင်ခဲ့ပြီးနောက် ၁၉၈၇ ခုနှစ်တွင် တပ်မတော်(ရေ)၌ ပြန်တမ်းဝင်အရာရှိ ဖြစ်လာခဲ့ပါသည်။ တပ်မတော်(ရေ)တွင် လက်နက်အထူးပြုအရာရှိဖြစ်လာခဲ့ပြီး ရေယာဉ်တာဝန် အမျိုးမျိုးနှင့် ဦးစီးအရာရှိတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ တရုတ်နိုင်ငံတွင် Defence and Strategic Studies Course အား တက်ရောက်အောင်မြင်ခဲ့သူဖြစ်ပြီး ရေယာဉ်အမျိုးမျိုးတွင် စစ်ရေယာဉ်မှူးတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ဗျူဟာရေယာဉ်စု ရေယာဉ်မှူး၊ ဒုတိယဌာနချုပ်မှူးနှင့် လက်ထောက် တပ်မတော်လေကျင့်ရေး အရာရှိချုပ် တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။

တပ်မတော်(ရေ)၌ တာဝန်ထမ်းဆောင်စဉ်အတွင်း အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် MILAN ရေတပ်လေ့ကျင့်ခန်း၊ Maritime Power Conference နှင့် စင်္ကာပူ၌ ကျင်းပသည့် ReCAAP အလုပ်ရုံ ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ပါသည်။ ထို့အပြင် စင်္ကာပူနိုင်ငံ၌ ပြုလုပ်သည့် Asia Pacific Programme for Senior Military Officers(APPSMO)၊ ထိုင်းနိုင်ငံ၌ပြုလုပ်သည့် Cobra Gold 2014 နှင့် မလေးရှားနိုင်ငံ၌ ပြုလုပ်သည့် ASEAN Regional Forum Defence Officials’ Dialogue Meeting များသို့လည်း တက်ရောက်ခဲ့သည်။ ထို့အပြင် အမေရိကန်နိုင်ငံ ဟာဝိုင်ယီတွင် ASC သင်တန်း၊ နော်ဝေနိုင်ငံတွင် SOUNOC သင်တန်း၊ စပိန်နိုင်ငံတွင် DDR သင်တန်း၊ ဗြိတိန်နို်ငငံတွင် BMEC သင်တန်းများကို တက်ရောက်အောင်မြင်ခဲ့သူဖြစ်သည်။

၂၀၂၁ ခုနှစ်အောက်တိုဘာလ ၆ ရက် ကမ်းခြေစောင့်တပ်ဖွဲ စတင်ဖွဲ့စည်း တည်ထောင်ချိန် တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ကမ်းခြေစောင့်တပ်ဖွဲ့၌ တာဝန်ထမ်းဆောင်စဉ် ၁၈ ကြိမ်မြောက် အာရှနိုင်ငံများ၏ ကမ်းခြေစောင့် တပ်ဖွဲ့ခေါင်းဆောင်များအစည်းအဝေးနှင့် ၂၀၂၂ ခုနှစ် အာဆီယံနိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့  အကြီးအကဲများ အစည်းအဝေးများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ကမ်းခြေစောင့်တပ်ဖွဲ့အား စတင်ဖွဲ့စည်းချိန်မှစ၍ ဦးဆောင်တည်ဆောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါသည်။