ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်တွင် ထိုင်းဘုရင့်တော်ဝင်ရေတပ် 3rd Naval Area Command ၏ Commander Vice Admiral Suwat Donsakul နှင့်ကိုယ်စားလှယ်အဖွဲ့အား ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် လက်ခံတွေ့ဆုံ

Myanmar Coast Guard

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်

ထိုင်းဘုရင့်တော်ဝင်ရေတပ်မှ 3rd Naval Area Command ၏ Commander Vice Admiral Suwat Donsakul ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ခရီးလာရောက်စဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် နေ့လည်ပိုင်းတွင် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်သို့ ရောက်ရှိခဲ့ပြီး ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် တက်လွင်ထွန်း က လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် တက်လွင်ထွန်းနှင့် ထိုင်းဘုရင့်တော်ဝင်ရေတပ်မှ 3rd Naval Area Command ၏ Commander Vice Admiral Suwat Donsakul တို့သည် နှစ်နိုင်ငံ ရေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများ၊ တပ်ဖွဲ့စွမ်းဆောင်ရည်မြှင့်တင်ရေးကိစ္စရပ်များနှင့် ပင်လယ်ရေကြောင်း ဆိုင်ရာ တာဝန် ထမ်းဆောင်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆွေးနွေးခဲ့ကြပြီး ထိုင်းဘုရင့်တော်ဝင်ရေတပ်မှ မြန်မာနိုင်ငံဆိုင်ရာ ရေတပ်စစ်သံမှူး အပါအဝင် အရာရှိကြီး ၅ ဦးနှင့် မြန်မာကမ်းခြေစောင့်တပ်ဖွဲ့မှ ကမ်းခြေစောင့်တပ်ဖွဲ့ကြီးကြပ်ရေးမှူးချုပ် အပါအဝင် အရာရှိကြီး ၄ ဦး တို့ တက်ရောက်ခဲ့ကြပါသည်။