မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူး Colonel Eduard N. Okladnikov အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၌ ကမ်းခြေ စောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်တက်လွင်ထွန်းမှ လက်ခံတွေ့ဆုံခဲ့ပါသည်။
မြန်မာ – ရုရှား နှစ်နိုင်ငံဆက်ဆံရေးသည် (၇၇) နှစ်ကျော်ပြီဖြစ်ကာ နိုင်ငံတော် အကြီးအကဲများ၏ အမြော်အမြင်ကြီးမားစွာ ကြိုးပမ်းအားထုတ်မှုဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိပြီး နှစ်နိုင်ငံ အကြားကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြကာ တွေ့ဆုံရာ တွင် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့နှင့် ရုရှားကမ်းခြေစောင့်တပ်ဖွဲ့အကြား ထိတွေ့ဆက်ဆံမှု များ လုပ်ဆောင်သွားရန်၊ ရေကြောင်းလုံခြုံရေး၊ ရေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေး၊ ရေကြောင်းတရားဥပဒေစိုးမိုးရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် သွားရန်၊ နည်းပညာပိုင်းဆိုင်ရာနှင့် နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များတွင် စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် ဆွေးနွေး၊ လေ့လာ၊ လေ့ကျင့်မှုများ ပူးပေါင်းဆောင်ရွက်သွားရန်နှင့် အပြန်အလှန်ဆက်သွယ်နိုင်မည့် Point of Contact များ ထားရှိရန်စသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆွေးနွေးခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာကမ်းခြေစောင့် တပ်ဖွဲ့မှ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် အပါအဝင် အရာရှိကြီး ၄ ဦးတို့ တက်ရောက် ခဲ့ကြပါသည်။




