၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၏ အနောက်တောင် ဘက် ရေမိုင် ၆၀ ခန့်အကွာတွင် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၏ အမြန်သွားကင်းလှည့် ရေယာဉ်မှ ပင်လယ်ပြင်တွင် ပလပ်စတစ်အိတ် ၃၁ လုံးအတွင်း ဝှက်ထားသော စိတ်ကြွရူးသွပ် ဆေးပြား ၆၁၈ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးခံရသူများကို စစ်ဆေးဖော်ထုတ်ချက်များအရ ဧပြီလ ၂၇ ရက် ညနေပိုင်းတွင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွင် ပါဝင်ခဲ့သည့် AA အကြမ်းဖက်အဖွဲ့ဝင် ၄ ဦး နှင့် တပ်မတော်(ရေ)မှ ICE ၄,၀၉၃ ကီလိုဂရမ်နှင့် ကက်တမင် ၃,၀၀၀ ကီလိုဂရမ်ကို ထပ်မံ ဖမ်းဆီး ရမိကြောင်း တရားဝင် သတင်းထုတ်ပြန်ထားပါသည်။