မြန်မာ့ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ပင်လယ်ပြာစီးပွားရေး လုပ်ငန်းများအား ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအား တားဆီး ကာကွယ်ရန်၊ ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာမှု အထောက်အကူ ပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ အရေးပေါ်အချိန်တွင် တပ်မတော်(ရေ)အား အထောက် အကူပြုနိုင်ရန် စသည့် ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် ကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ အောက်တိုဘာ ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တပ်ဖွဲ့ ဖွဲ့စည်းခြင်း ၂ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှု ဌာနချုပ်၊ သန်လျင်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း (၂) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပပြုလုပ်
