၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၈ ရက်
မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် ရေကြောင်းလုံခြုံရေး တာဝန်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်တွင် “ကြယ်စင်လင်း-၇” အမည်ရှိ တရားမဝင်ကုန်တင် ငါးဖမ်းလှေအား မြန်မာနိုင်ငံသားတရားခံ (ကျား) ၇ ဦးနှင့်အတူ ဖမ်းဆီးရမိ ခဲ့ပါသည်။
၎င်းဖမ်းဆီးရမိခဲ့သည့် တရားမဝင်ကုန်တင်ငါးဖမ်းလှေ၊ စက်၊ ပစ္စည်းများနှင့် တရားခံ (ကျား) ၇ ဦးတို့အား ဇန်နဝါရီလ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အင်းစိန်ခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၊ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနတာဝန်ရှိသူများထံ စနစ်တကျ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သတင်းရရှိပါသည်။



