၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်
မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ အနေဖြင့် မြန်မာ့ပင်လယ်ပြင်အတွင်း ရေကြောင်းလုံခြုံရေး နှင့် တရားမဝင် ဝင်ရောက်ငါးဖမ်းဆီးမှုများအား ကာကွယ်တားဆီးရန်အတွက် ကမ်းရိုးတန်းနှင့် နှစ်နိုင်ငံ ရေပြင်နယ်နိမိတ်လုံခြုံရေးတာဝန်များကို တပ်မတော်(ရေ)နှင့်အတူ ပူးတွဲ၍ စဉ်ဆက်မပြတ် ထမ်းဆောင်လျက်ရှိပါသည်။
ထိုကဲ့သို့ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ အမြန်သွားကင်းလှည့်ရေယာဉ်သည် တပ်မတော် (ရေ)နှင့်အတူ ရေပြင်နယ်နိမိတ်လုံခြုံရေးတာဝန်များ ပူးတွဲတာဝန်ထမ်းဆောင်နေစဉ် မြန်မာ့ရေပြင် အတွင်း တရားမဝင်ဝင်ရောက်ကာ ငါးဖမ်းလျက်ရှိသော “MA- Babar Dowa” အမည်ရှိ ငါးဖမ်းလှေ တစ်စီးအား စက်၊ ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသော တရားမဝင်လှေ၊ စက်၊ ဆက်စပ်ပစ္စည်းများနှင့် တရားခံ (ကျား) ၁၆ ဦးတို့အား မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ သက်ဆိုင်ရာရဲစခန်းသို့ မတ်လ ၂၆ ရက်တွင် လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျလွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။


