၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၊ ကမ်းခြေစောင့် တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်မှ နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြား၍ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ယိမ်းအဖွဲ့များမှ ယိမ်း အကဖြင့် ဖျော်ဖြေခဲ့ပြီးနောက် အခမ်းအနားတက်ရောက်လာသူများက အပြန်အလှန်ရေပတ်ဖြန်းခဲ့ ကြပါသည်။ ထို့နောက် စတုဒီသာဖြင့်ကျွေးမွေးဧည့်ခံခြင်း၊ ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေခြင်းများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။




