၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်
မြန်မာနှင့်ထိုင်း နှစ်နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ရေတပ်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးအတွက် ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ချမှတ်ပေးထားသော ရည်မှန်းချက်တာဝန်များနှင့်အညီ လုပ်ဆောင်လျက်ရှိပါသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၌ ကမ်းခြေစောင့် တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်တက်လွင်ထွန်း သည် ထိုင်းဘုရင့်ရေတပ်၊ 3rd Naval Area Command မှ Commander ဖြစ်သူ Vadm. Veerudome Muangchean အား လက်ခံတွေ့ဆုံခဲ့ ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံရေကြောင်းဆိုင်ရာအေဂျင်စီများအကြား ရေကြောင်းလုံခြုံရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြပါသည်။




