(၂၂)ကြိမ်မြောက် အာရှနိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့ ခေါင်းဆောင်များအစည်းအဝေးအတွက် လုပ်ငန်းဆိုင်ရာအစည်းအဝေး {22nd Head of Asian  Coast Guard Agencies Meeting (22nd HACGAM) Working Level Meeting} သို့ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

Myanmar Coast Guard

၂၀၂၆ ခုနှစ် မေလ ၂၂ ရက်

၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်မှ ၂၁ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးမြိုု့တွင် ကျင်းပပြုလုပ်ခဲ့သော (၂၂) ကြိမ်မြောက် အာရှနိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့ခေါင်းဆောင်များ အစည်းအဝေးအတွက် လုပ်ငန်းဆိုင်ရာအစည်းအဝေး {22nd Head of Asian  Coast Guard Agencies Meeting (22nd HACGAM) Working Level Meeting} သို့ ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်မှ ညွှန်ကြားရေးမှူး၊ ဒုတိယဗိုလ်မှူးကြီး ဝေထွဏ်း ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ တက်ရောက် ခဲ့ပါသည်။

 အာရှနိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့ခေါင်းဆောင်များအစည်းအဝေး (Heads of Asian Coast Guard Agencies Meeting – HACGAM) အား မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံ ၁၇ နိုင်ငံဖြင့် ၂၀၀၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ပါသည်။ ကမ်းခြေစောင့်တပ်ဖွဲ့များအကြား ပင်လယ်ရေကြောင်း ရှာဖွေ ကယ်ဆယ်ရေး (Maritime Search and Rescue) ၊ ပင်လယ်ပြင်အတွင်း တရားဥပဒေ ချိုးဖောက်မှုများအား တားဆီးကာကွယ်ရေးနှင့် ထိန်းချုပ်ရေး (Preventing and Controlling Unlawful Acts at Sea)၊ ပင်လယ်ရေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး (Marine Environmental Protection)၊ တပ်ဖွဲ့ဝင်များ၏ စွမ်းရည်တည်ဆောက်ရေး (Capacity Building)၊ သတင်းအချက်အလက် မျှဝေခြင်း နှင့် ပူးပေါင်းလေ့ကျင့်ခန်း ဆောင်ရွက်ရေး (Information Sharing and Joint Exercises) ကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း ပင်လယ် ရေကြောင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေး၊ ပင်လယ်ပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ ကိစ္စရပ်များကို မြှင့်တင်နိုင်ပြီး အာရှနိုင်ငံများ အချင်းချင်း ကောင်းမွန်သည့် ဆက်ဆံ ရေးနှင့် အပြန်အလှန်ယုံကြည်မှု တိုးတက်မြင့်မား လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။

၂၀၁၇ ခုနှစ် မှစ၍ Heads of Asian Coast Guard Agencies Meeting အား လုပ်ငန်းဆိုင်ရာ အစည်းအဝေး(Working Level Meeting – WLM)နှင့် အဆင့်မြင့်ခေါင်းဆောင်များအစည်းအဝေး(High Level Meeting – HLM) ဟူ၍ ၂ ပိုင်းခွဲ ကျင်းပခဲ့ပြီး ယခုနှစ် ကျင်းပသည့် (၂၂)ကြိမ်မြောက် အာရှ နိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့ခေါင်းဆောင်များအစည်းအဝေးအား တရုတ်နိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့မှ အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။