ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၏ ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲကျင်းပ

Myanmar Coast Guard

၂၀၂၆ ခုနှစ် ဇွန်လ ၂၃ ရက်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် ကမ်းခြေ စောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၏ ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်ဝန်းအတွင်း၌ ကျင်းပရာ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ တပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များမှ မန်ဂျားရှားပျိုးပင်များအား သတ်မှတ်နေရာများ၌  အသီးသီး စိုက်ပျိုးခဲ့ကြ ပါသည်။

ဆက်လက်၍ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်မှ တပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များ၏ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေး ခဲ့ပါသည်။