၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၆ ရက်
မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို သန်လျင်တပ်နယ်ရှိ ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် တက်လွင်ထွန်းနှင့် တပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြပြီး တပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်၊ မိသားစုများအား ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် တက်လွင်ထွန်းက ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် Recreation Center ၌ (၅) နှစ်မြောက် တပ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပခဲ့ပြီး ၂၀၂၅-၂၀၂၆ တစ်နှစ်တာကာလအတွင်း တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များကို ကောင်းမွန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် တပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များကို ဆုချီးမြှင့်ခြင်းနှင့် ပညာရည်ချွန် တပ်ဖွဲ့ဝင်မိသားစုများ၏ သားသမီးများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။






